ကျွန်တော်တို့ကဘယ်သူတွေလဲ?investingstockonline.com logo

Investingstockonline.com သည်အကျိုးဆောင်သုံးသပ်ချက်များပေးသည့်စင်္ကြံတစ်ခုဖြစ်ပြီးအွန်လိုင်းပေါ်ရှိအကျိုးဆောင်အမျိုးမျိုးရဲ့အသုံးဝင်မယ့်အချက်အလက်များနှင့်သုံးသပ်ချက်များကိုပေးပါတယ်။ကျွန်တော်တို့ဟာတန်ဖိုးရှိတဲ့ဒွိစုံရွေးချယ်မှု၊ခရစ်ပ်တိုငွေကြေးနဲ့ CFDs၊ကြိုတင်ခန့်မှန်းမှုနှင့်စတော့ခ်များစတဲ့အချက်အလက်အသစ်တွေကိုလည်းပံ့ပိုးပေးပါတယ်။ဒါကျွန်တော်တို့ရဲ့စတင်စဉ်အချိန်လည်းကရည်မှန်းချက်တစ်ခုဖြစ်ပြီးနောင်လာမယ့်အနာဂတ်တွေမှာလည်းဒီရည်မှန်းချက်ဆက်လက်တည်ရှိသွားမှာဖြစ်ပါတယ်။
Investingstockonline.comကိုငွေရေးကြေးရေးနယ်ပယ်အတွင်းလုပ်ကိုင်ခဲ့သူများကကျယ်ပြန့်သက်ဆိုင်တဲ့လုပ်ကိုင်မှု အတွေ့အကြုံတွေကိုအသုံးပြုကာဦးဆောင်လည်ပတ်လုပ်ကိုင်ဆောင်ရွက်နေပါတယ်။အစပိုင်းတုန်းကတော့ဒွိစုံရွေးချယ်မှုကျွမ်းကျင်သူများအဖြစ်စတင်ခဲ့တာဖြစ်ပေမယ့်အခြားငွေရေးကြေးရေးလုပ်ကိုင်ဆောင်ရွက်မှုအမျိုးမျိုးအတွက်ကိုပါတိုးချဲ့လည်ပတ်ပေးလျက်ရှိပါတယ်။ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ဝက်ဘ်ဆိုဒ်ဟာအကျိုးဆောင်အမျိုးမျိုးရဲ့အချက်အလက်တွေနဲ့အတူတူအခြားအသုံးဝင်မယ့်ကုန်သွယ်မှုအချက်အလက်အမျိုးမျိုးကိုပါဖော်ပြပေးနေပါတယ်။
ကျွန်တော်တို့ကကုန်သွယ်မှုနည်းဗျူဟာနဲ့ပတ်သက်တဲ့ဆောင်းပါးတွေ၊ သတင်းတွေ၊အရောင်းအဝယ်အချက်ပြမှုတွေ၊ကုန်သွယ်မှုဆော့ဖ်ဝဲတွေနဲ့နောက်ဆုံးရငွေရေးကြေးရေးသတင်းအချက်အလက်အသစ်တွေကိုမျှဝေပေးလျက်ရှိပါတယ်။ကျွန်တော်တို့ဟာအလုပ်အပေါ်မှာအာရုံစူးစိုက်ကာဖောက်သည်များအတွက်အရေးကြီးမယ့်အချက်အလက်တွေ (ကိုယ်ရေးရင်းနှီးမြှုပ်နှံမှုအစုစုစတာတွေ) ကိုသေချာစွာစုဆည်းဖော်ပြပေးပါတယ်။ဒီနည်းနဲ့ကျွန်တော်တို့ဟာပရိတ်သတ်အတွက်ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုအောင်မြင်ဖို့အတွက်အထောက်အပံ့ပေးနိုင်ဖို့မျှော်လင့်ပါတယ်။

ရည်မှန်းချက်ရောက်ရှိအောင်ဖြည့်ဆည်းမှု

ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့အင်တာနက်တစ်ဝှမ်းမှာရှိတဲ့ အကျိုးဆောင်မျိုးစုံရဲ့အချက်အလက်တွေကိုပေးနိုင်တဲ့ရှေ့ပြေးဦးဆောင်သူတွေထဲကတစ်ဦးဖြစ်လာနိုင်ဖို့ပဲဖြစ်ပါတယ်။ဒီရည်မှန်းချက်နဲ့ပြည့်မီအောင်ကျွန်တော်တို့ဟာအင်တာနက်ပေါ်ရှိတဲ့ဒေသတွင်းကရော၊ကမ္ဘာတစ်ဝှမ်းမှာပါရှိတဲ့အကျိုးဆောင်စင်္ကြံတိုင်းရဲ့ရှာလို့ရသမျှအချက်အလက်တွေပေါ်မူတည်ပြီးဆွေးနွေးပေးသွားခြင်းနဲ့ဖြည့်ဆည်းလျက်ရှိပါတယ်။
အကျိုးဆောင်အမျိုးမျိုးရဲ့တန်းဖိုးရှိအချက်အလက်တွေဖော်ပြပေးနေတဲ့အပြင်အခြားကုန်သွယ်မှု၊ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအချက်အလက် တွေကိုလည်းမျှဝေပေးလျက်ရှိပါတယ်။အရဲစွန့်မှုစီမံခန့်ခွဲခြင်း၊ဝယ်ရောင်းအချက်ပြများ၊ကုန်သွယ်မှုစနစ်နဲ့အခြားအရာများကိုပါဖော်ပြပေးနေပါတယ်။ဒီအချက်အလက်တွေကိုအသုံးပြုပြီးမတူညီတဲ့အကျိုးဆောင်တွေကိုဆန်းစစ်သုံးသပ်ခြင်းပြုလုပ်ပေးကာဖောက်သည်များအတွက်တန်ဖိုးရှိတဲ့အချက်အလက်များကိုပံ့ပိုးပေးနေပါတယ်။

တုံ့ပြန်အကြံပေးမှုများကြိုဆိုလျက်ပါ။

ကျွန်တော်တို့အတွက်ပေးလိုတဲ့တုံ့ပြန်အကြံပေးမှုမည်သည်ကိုမဆိုကြိုဆိုလျက်ရှိပါတယ်။သင့်ရဲ့တုံပြန်မှုများနဲ့သုံးသပ်မှုတွေအားလုံးဟာကျွန်တော်တို့ပိုမိုကောင်းမွန်တဲ့အချက်အလက်တွေဖော်ပြပေးတဲ့နေရာမှာအသုံးဝင်ပါတယ်။ဒီလိုမှသာလျှင် အခြားဖောက်သည်တွေ ရဲ့ကုန်သွယ်မှုအတွက်ပိုကူညီပေးနိုင်မှာပါ။
ဖောက်သည်များရဲ့တုံ့ပြန်ချက်များဟာအကျိုးဆောင်အမျိုးမျိုးအတွက်မတူညီတဲ့အယူအဆနှင့်ခံယူချက်များကိုပေးစွန်းနိုင်တာကြောင့်ကျွန်ုပ်တို့အတွက်အရေးပါတဲ့အချက်အလက်များလို့မြင်ပါတယ်။ကျွန်ုပ်တို့ရဲ့လုပ်ဆောင်မှုကိုများစွာအထောက်အကူပြုပေးနိုင်မှာဖြစ်တဲ့အတွက်သင့်ထင်မြင်ချက်များကိုတွေဝေမနေပဲကျွန်ုပ်တို့နဲ့မျှဝေပေးဖို့တိုက်တွန်းလိုပါတယ်။

ကုန်သွယ်မှုပညာရေး

investingstockonline.com ဟာမတူညီတဲ့အကျိုးဆောင်တွေကိုသုံးသပ်ပေးဖို့အတွက်စတင်ခဲ့ပေမယ့်ကျွန်တော်တို့ရဲ့ပရိတ်သတ်တွေအတွက်အဖိုးတန်ပြီးအခမဲ့ဖြစ်တဲ့ကုန်သွယ်မှုပညာရပ်မျိုးကိုပါပေးဆောင်လိုတဲ့အတွက်နည်းပညာရပ်ဆိုင်ရာသုံးသပ်ချက်များ၊အခြေခံဆန်းစစ်မှုများ၊အရဲစွန့်မှုစီမံခန့်ခွဲမှုများ၊စတော့ခ်ကုန်သွယ်ခြင်း၊ခရစ်ပ်တိုကုန်သွယ်ခြင်း၊ဒွိစုံကုန်သွယ်ခြင်းနဲ့အခြားအရာများစွာရဲ့အချက်အလက်တွေကိုပါဖော်ပြပေးထားပါတယ်။ဒီအချက်အလက်အားလုံးဟာသင့်အလိုနဲ့ကိုက်ညီမယ့်ကုန်သွယ်မှုဗျူဟာဖော်ထုတ်ရာမှာအသုံးဝင်စေမှာဖြစ်ပါတယ်။

ရိုးသားဖြောင့်မတ်သည့်သုံးသပ်ချက်များ

သုံးသပ်ချက်တွေဟာinvestingstockonline.comရဲ့အဓိကဦးတည်ချက်ပဲဖြစ်ပါတယ်။ကျွန်တော်တို့ဟာအကျိုးဆောင်ဝက်ဘ်ဆိုဒ်တစ်ခုစီကိုစမ်းသပ်သုံးစွဲပြီးမှသုံးသပ်ပါတယ်။ဆိုဒ်တစ်ခုခြင်းစီရဲ့ဝန်ဆောင်မှုများ၊အားနည်းချက်များ၊အမြန်နှုန်းများ၊အားသားချက်များစတာတွေကိုအခြားအကျိုးဆောင်များနဲ့ယှဉ်ပြပေးပြီးအသုံးဝင်ပြီးပြီးပြည့်စုံတဲ့သုံးသပ်မှုတွေ ဖော်ပြပေးနေပါတယ်။ဒီ့အတွက်အကောင်းဆုံးအကျိုးဆောင်ကိုရှာဖွေလိုလျှင်ကျွန်ုပ်တို့ရဲ့သုံးသပ်ချက်တွေကိုဖတ်ရှုကာသင်ကြိုက်နှစ်သက်သည့် အကျိုးဆောင်ကို ရှာဖွေနိုင်ပါတယ်။

ထပ်ခါထပ်ခါလာခဲ့ဖို့ဖိတ်ခေါ်လိုပါတယ်။

ကုန်သွယ်မှုဆိုတာအစဉ်မပြတ်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့ဝက်ဘ်ဆိုဒ်အချက်အလက် တွေကိုအမြဲအသစ်များဖြစ်အောင် မွမ်းမံပြင်ဆင်ပေးလျက်ရှိပါတယ်။ကျွန်တော်တို့အဖွဲ့ဟာအကျိုးဆောင်အသစ်တွေကိုလည်းအမြဲရှာဖွေနေလျက်ရှိပြီးငွေးရေးကြေးရေးဆိုင်ရာသတင်းများကိုလည်းလိုက်လံကာစောင့်ကြပ်ကြည့်ရှုနေပါတယ်။ဒါ့ကြောင့် ခင်ဗျားဟာမှန်ကန်စိတ်ချရတဲ့အချက်အလက်တွေရယူဖို့စင်္ကြံတစ်ခုကိုရှာဖွေနေရင်၊ဈေးကွက်သဘောထားတွေကိုရယူလိုရင်investingstockonline.com နဲ့ ချိတ်ဆက်ကာကုန်သွယ်ရေးအောင်မြင်မှုအတွက်အကူအညီရယူလိုက်ပါ။


ကုမ္ပဏီလိပ်စာ –

investingstockonline.com

အထောက်အထားလက်မှတ် – ၂၀၅၀၄၂
တရားဝင်ပေါင်းစည်းမှု – ၁၃/၀၆/၂၀၁၈
မှတ်ပုံတင်ရုံး – 103 Sham Peng Tong Plaza, Victoria, Mahe, Seychelles
မှတ်ပုံတင်လိပ်စာ – 103 Sham Peng Tong Plaza, Victoria, Mahe, Seychelles

အီးမေးလ် – info@investingstockonline.com
ဖုန်း – +၃၁၆၂၂၂၉၅၄၈၅


စာရေးသူ – Bart Bregman

profile picture Bart Bregman

မင်္ဂလာပါ။ကျွန်တော့်နာမည်ကတော့Bart Bregman ပါ။၂၇နှစ်ဖြစ်ပြီးနယ်သာလန်နိုင်ငံကပါ။
ဖေ့စ်ဘုတ်ခ်https://www.facebook.com/bart.bregman.1
Linkedin: https://www.linkedin.com/in/bart-bregman-038556113/
အီးမေးလ် – info@investingstockonline.com
ဖုန်း – +31 6 22295485
မွေးနေ့ – အောက်တိုဘာ၂၃၊၁၉၉၁
အလုပ်အကိုင် – နေ့ပိုင်းကုန်သွယ်သူ၊ investingstockonline.comအတွက်ဘလော့ဂ်ဂါ
အတ္ထုပ္ပတ္တိ – ကျွန်တော့်ရဲ့ကုန်သွယ်မှုရောဒီဝက်ဘ်ဆိုဒ်အတွက်လုပ်ဆောင်မှုတွေကရောအွန်လိုင်းမှာပဲ လုပ်ရတာပါ။ဒါဟာကျွန်တော့်ကိုဒစ်ဂျစ်တယ်နော်မက်တစ်ဦးဖြစ်စေပြီးတစ်ကမ္ဘာလုံးကိုလှည့်ပတ်ခရီးသွားလာဖို့အခွင့်ပေးလာပါတယ်။
ကျွန်တော့်ရဲ့ ကုန်သွယ်မှုသက်မွေးလုပ်ငန်းကို ၂၀၁၄ခုနှစ်ကစတင်ခဲ့ပြီး ၂၀၁၆မှာတော့ အချိန်ပြည့်စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒီနှစ်တွေအတွင်းမှာ ကျွန်တော်ဟာ စတော့ခ်၊ Forex ၊ ဒစ်ဂျစ်တယ်ရွေးချယ်မှု၊ ဒွိစုံရွေးချယ်မှု၊ CFD နှင့် ခရစ်ပ်တိုငွေကြေးတွေကိုကုန်သွယ်မှုပြုလုပ်ခဲ့ပါတယ်။ ကုန်သွယ်မှုကိုမြတ်နိုးပြီးတတ်ကျွမ်းပညာရပ်တွေကိုတိုးချဲ့ရန်အခွင့်ကအမြဲရှိနေပါတယ်။
တစ်ခြားတစ်ဖက်မှာတော့ ကုန်သွယ်မှုဟာစောင့်ဆိုင်းရတဲ့ပွဲတစ်ခုလိုပါပဲ။ဒါကြောင့်ကျွန်တော်ဟာ အားလပ်ချိန်တွေမှာInvestingstockonline အတွက်အကျိုးဆောင်လုပ်ငန်းနဲ့ဆက်စပ်တဲ့နေရာမှာအယုံကြည်ရဆုံးသော သုံးသပ်ချက်ဝက်ဘ်ဆိုဒ်ဖြစ်အောင် ကူညီတည်ထောင်ပေးနေပါတယ်။

Trade setup netherlands

ဒါကတော့နယ်သာလန်မှာကျွန်တော့်ရဲ့ကုန်သွယ်မှုအတွက်ပြင်ဆင်ထားတာကိုပြတဲ့ပုံပါ။ဒါပေမယ့်လမ်းပေါ်ခရီးသွားနေရင်တော့ကျွန်တော်ဟာလက်ပ်တော့နှစ်လုံးနဲ့ဆမ်ဆောင်းတက်ဘလက်ကိုအမြဲသုံးပါတယ်။


ကျွန်တော့်ရဲ့၂၀၁၇ခုနှစ်အတွက်အကောင်းဆုံးကုန်သွယ်မှု – ဇူလိုင်၃ရက်နေ့ – USD/JPY အမြတ်အစွန်း+$၄၁၃၁ 🙂


စာရေးသူ – Niels Hammer

ဖေ့စ်ဘုတ်ခ် –https://www.facebook.com/theNielsHammer
အီးမေးလ် – info@investingstockonline.com
ဖုန်း – +၃၁၆၁၃၂**** ကျေးဇူးပြု၍အီးမေးလ်မှတစ်ဆင့်ဆက်သွယ်ပါ။
အလုပ်အကိုင် -ရင်းနှီးမြှုပ်နှံသူ၊investingstockonline.comအတွက်ဝက်ဘ်မာစတာ/ဘလော့ဂ်ဂါ
အတ္ထုပ္ပတ္တိ -လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဒွိစုံရွေးချယ်မှုအကြောင်း ဖော်ပြထားတဲ့ youtube ဗီဒီယိုကို ရှာတွေ့ခဲ့ပြီး ကြွေခဲ့ရတာပေ့ါ။
ဒီလိုရိုးရှင်းတဲ့ ကုန်သွယ်မှုမျိုးဟာ ကျွန်တော့်ကို အလွယ်တကူပဲ ဆွဲဆောင်ခဲ့ပါတယ်။
ဒါပေမယ့် တကယ်တမ်းမှာတော့ အမြတ်ရဖို့ဟာ ကျွန်တော်ခန့်မှန်းထားတာထက် ပိုခက်ခဲ့တယ်။
ကျွန်တော့်သူငယ်ချင်း Bartကို ကုန်သွယ်မှုအကြောင်း အကြံဥာဏ်တောင်းခံပြီး “ဘယ်လိုလဲဆိုတာ သေချာမမှတ်မိတော့ဘူး”ဆိုတာရဲ့ နောက် များမကြာခင်မှာ ဝက်ဘ်ဆိုဒ်တစ်ခု စတင်ဖို့အတွက် ကျွန်ုပ်တို့ စတင် ပြောဆိုခဲ့ကြတယ်။
Bartရဲ့ ကုန်သွယ်မှုဗဟုသုတနဲ့ ကျွန်တော့်ရဲ့ အွန်လိုင်းအရောင်းမြှင့်တင်မှုနောက်ခံတွေကို ပေါင်းစပ်ခဲ့ကြတာပါ။
အဲ့အချိန်ကနေအခုထိ အများကြီး ဖြစ်ပျက်ခဲ့ကြတာပေါ့။
ဒွိစုံရွေးချယ်ကုန်သွယ်မှုဟာ အရင်တစ်ချိန်က အရာတစ်ခုသာဖြစ်ခဲ့ပြီး ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ဟာလည်း ဒီလုပ်ငန်းရဲ့ အာဏာပိုင်တစ်ခုလို ဖြစ်လာခဲ့ပါပြီ။
ဒါပေမယ့်မပြောင်းလဲဘဲ အမြဲတမ်းတူနေတဲ့အရာတစ်ခုကတော့… လိမ်လည်မှုကျူးလွန်မယ့်အတုအယောင်ကုမ္ပဏီတွေကသင့်ကိုလှည့်ဖြားပြီးသင့်ပိုက်ဆံကိုခိုးယူဖို့အမြဲကြိုးစားနေတာပါပဲ။
ကုန်သွယ်မှုကကိုပင်အရဲစွန့်ရတဲ့အန္တရာယ်များလွန်းလှနေပါပြီ။ဒါကြောင့်ကျွန်တော်ဟာinvestingstockonline.com နေ့ညမနားပဲအွန်လိုင်းကုန်သွယ်မှုရပ်ဝန်းရဲ့အချက်အလက်တွေကိုအချိန်နဲ့တစ်ပြေးညီဖော်ပြပေးနိုင်အောင်အမြဲကြိုးစားနေပါတယ်။သင့်အတွက်အကောင်းဆုံးအကျိုးဆောင်တွေကိုရွေးချယ်နိုင်အောင်ဆောင်ရွက်ပေးနေပါတယ်။
ကိုယ့်အကြောင်းကိုယ်ဆိုရင်တော့ကျွန်တော်ဟာ၃၆နှစ်ပြည့်ပြီးပါပြီ။ဇာတိမြို့ကတော့နယ်သာလန်နိုင်ငံမှာရှိတဲ့အယ်လ်ခ်မားမြို့ပဲ ဖြစ်ပါတယ်။
ကျွန်တော်က ခရီးသွားရတာ၊လူအသစ်တွေနဲ့မိတ်ဖွဲ့ရတာ၊ နေရာဒေသအသစ်တွေကိုစူးစမ်းရှာဖွေသွားလာရတာကိုကြိုက်ပါတယ်။